တန်းစီနေတဲ့ငါ့ရည်မှန်းချက်တွေကို
တခုပြီးတခု ကံတရားကကြက်ခြေခတ်နေရဲ့ ။
ငါ့ဘ၀ကောင်းကင်မှာ နေ၊လ၊ကြယ်တာရာတွေ
မရှိ ၊ ပိုးစုန်းကြူလေးတွေတော့
တရံတခါ ဆော့ပြေးကစားတတ်၏။
ဘ၀အမှောင်မှာ အလင်းရောင်ကို
အကြိမ်ကြိမ်အိမ်မက် မက်နေလေရဲ့ ။
ဘ၀အမှောင်မှာအခါခါ တိမ်းမှောက်
စမ်းတ၀ါးဝါးနဲ့ လျှောက်နေရတဲ့အချိန်တွေ
ငါ့ကိုနုတ်ဆက်ဖို့ မေ့နေရော့သလားကွယ်။
ကံတရားနဲ့ ပတ်သက်လို့ 
ငါဟာမျက်ကန်းတစ်ယောက်ပါ
မနက်ဖြန်တွေထဲမှာငါ့အတွက်
မွေးပျံ့ တဲ့ပန်းကလေးတွေပွင့်ဝေနေလေမလား
တွေးရင်း တွေးရင်း ငါအားယူနေမိတယ်။
0 မှတ်ချက်:
Post a Comment