hover animation preload

ဝမ်းနည်းခြင်းမှတ်တမ်း( ၁ )
by စာဂဘ၀င် in

ပျော်လိုက်အိပ်စား  ခလေးများသည်

အဆိုးအပြစ်  နတ္တိစစ်မှန်

ဧကန်စင်းစင်း  ကင်းလွတ်ရှင်းသည်။

မိ ဘ မေတ္တာ  ရူးသွပ်ရှာသည်

တရာတစုံ  ဒုက္ခကြုံက

ငိုကြွေးတမ်းတ  ကူတောင်းတသည်။

သူတို့ မျက်မှောက်   သေခြင်းရောက်သူ

သက်လောက်ချစ်ရ  မိနင့်ဘကို

တွေ့ ရမြင်ချိန်   နလုံးအိမ်သည်

ကွဲပေါက်မတတ်   ဖြစ်ရနိုင်သည်

ဟိုပြေးသည်ခေါ်   တကြော်ကြော်နင့်
                         
 သြော်

သူတို့ အဖြစ်  ရင်တွင်းနစ်လျှင်

မျက်ရည်မိုးများ  ရွာဖြိုးသွန်းကျ

ရှိနေရပြီ။







0 မှတ်ချက်:

Post a Comment