မင်းအတွက်ဖတ်ကောင်းတဲ့
စာကလေးတွေဟာ
တကယ်တော့ ငါ့နလုံးသွေးတွေပါချစ်သူ။
ငါ့နလုံးသားကို ငါခွဲခြမ်းစိတ်ဖြာကြည့်တော့
မင်းနာမည်တွေနဲ့  သွေးတွေစီးဆင်းနေတယ်ချစ်သူ။
မင်းအတွက် ငါဟာ ကြယ်လေးတလုံးဆိုရင်တောင်
မင်းဘ၀အမှောင်တွေမှာ ငါကလမ်းပြလုပ်ပေးချင်သူပါ
ချစ်သူ။
လမင်းကြီးကို ငေးပြီးအချိန်ကုန်ခံနေရင်
လကွယ်ညတွေမှာ
မင်းလမ်းပျောက်နေလိမ့်မယ်ချစ်သူ။

0 မှတ်ချက်:
Post a Comment