hover animation preload

အမြှစ်တွယ်မှားတဲံ့ငါပျိုးတဲ့ပန်း
by စာဂဘ၀င် in

ငါ့နလုံးသွေးတွေနဲ့ 

ပျိုးခဲ့တဲ့ပန်းလှလေးတပွင့်

ရနံ့ ၊အလှစုံချိန်လေးမှာ

တပါးသူရဲ့  ပကာသန နလုံးသားမှာ

အမြှစ်တွယ်ကာရှင်သန်သွားလေရဲ့ ။

ရေသောက်မြစ်ကောင်းရာမှာ

ပွင့်လန်းလှပနေတဲ့ ငါပျိုးပန်းလေးကိုကြည့်ရင်း

သွေးမတိတ်သေးတဲ့ဒဏ်ရာတွေကို

ပီတိတွေက ပိတ်နိုင်စွမ်းလေရဲ့ ။

အဆုံးကိုမမြင်ရသေးတဲ့ခရီးအတွက်

ဒီပီတိတွေက ငါ့ဘ၀စားရိတ် များဖြစ်နေရော့မလားကွယ်။


1 မှတ်ချက်:

ရင်ခုန်ရသူ said...

ကဗျာလေးတွေလာဖတ်သွားတယ်နော်စာဂရေ

Post a Comment