hover animation preload

ဆူး
by စာဂဘ၀င် in

ဆူးရေ

နင့်ရဲ့ အကြည့်လေးတချက်က

ငါ့ရင်ထဲကိုချစ်ဆူး စူးစေခဲ့ပြီ

နင့်ရဲ့ အကြည့်လှလေးက

ရင်ထဲဝင်ပြီး ပန်းအမျိုးမျိုး

ဖူးပွင့်ဝေဆာစေခဲ့ပြီ

 ဆူးးးးးးးးးးးးရေ

ငါ့ရင်ထဲကိုစူးခဲ့တဲ့ အချစ်ဆူးက

နက်သည်ထက်နက်နေ

ဆူးဆိပ်ကလည်းတက်သည်ထက် တက်နေရဲ့ 

ဆူးးးးးးးးးးးရေ

နင်ဟာငါ့ဘ၀အတွက်

အလိုအပ်ဆုံး သမားတော်မလေးပါကွယ်

ဖြေဆေးရှိပါလျက်နဲ့  

အမုန်းလက်နှင့် ငါ့နာမည်ကိုမရေးလိုက်ပါနဲ့ 

မေတ္တာကင်းတဲ့ကြည့်ခြင်းနဲ့ 

အကြည့်ချင်းမဆုံပါရစေနဲ့ 

ချစ်ဆူးဆိပ်တွေ တိုးသည်ထက်တိုးလာမှာ စိုးလို့ ပါ ဆူးးးးးးးးးရယ်။

0 မှတ်ချက်:

Post a Comment