ဘယ်လိုဖွေဖွေ အပျော်တွေက
ပျောက်နေလျှက် ပင် လောကရင်မှာ
လူချင်းတူတူ မတူမူကွဲ
အယူကလွဲ ရှိနေမြဲမည်
လူတချို့ မူ အယူမူကွဲ
ရန်သူပဲဟု စွဲမှတ်ပြုကာ
ကိုယ်နှင့်အယူ မတူသူကို
ဖွဲ့ ကာစုလျှက် ပျိုးပင်ခုတ်သို့ 
ရက်ရက်စက်စက် လုပ်ထွက်ရက်သည်
အကုသိုလ်များ ပန်းမန်များဖွယ်
ဆွတ်ခူးဆက်တိုက် ပြုနေခိုက်ဝယ်
အော်သံငိုသံ နလုံးထံမယ်
တရံတစ်ခေါက် ထိရောက်ချက်များ
လုံးဝဗလာ မရှိတာများလားကွယ်။

0 မှတ်ချက်:
Post a Comment