သူ့ နေရာနင့်သူ
အံဝင်ခွင်ကျ ပေါက်ရောက်နေတဲ့
သွေးကပေါက်လာတဲ့အပင်လေးတွေ
ခုတော့ ခုတော့
မုန်တိုင်းဒဏ်မသင့်ဘဲ
ကျားတစ်အုပ်ရဲ့  ခြေလှမ်းအရွှေ့ မှာ
သူတို့ ဘ၀လေးတွေ သွေ့ ခြောက်
လွင့်ပျောက် ခဲ့လေရဲ့  အော် လောဘ လောဘ။
နာမ်စားတစ်ခုနောက်လိုက်ရင်း
အပြစ်မဲ့တဲ့မြေဇာ တစ်ခင်းပြီး တစ်ခင်း
အနင်းကြီးအနင်းခံနေရလေရဲ့ ။
လွတ်လပ်မူက အဆိပ်မလူးထားပါဘူး
သူတို့ ရဲ့ လွတ်လပ်မူမှာ အဆိပ်အပြင်းဆုံး
မြွေတွေ ပတ်ထားလေရော့သလားကွယ်။
0 မှတ်ချက်:
Post a Comment