ချစ်သူရေ ဒို့ နှစ်ယောက်အတူနလုံးသားမှာပျိုးထားတဲံ့
အချစ်ပင်လေးက
လမ်းခွဲခြင်းနယ်နိမိတ်ထိသာပဲလားကွယ်။
ရရှိခဲ့တဲ့ခံစားမူလေးတွေက
တလှိမ့်ချင်းလှိမ့်ကာ ပူလောင်မူအလွမ်းဆိုးတွေထဲ
ပျော်သုဉ်းရုံသာပဲကွယ်။
အလိုလို ချည်နောင်လာတဲ့သံယောဇဉ်ကြိုးတွေက
ကိုယ့်ကို ပြန်ချည်နောင်ကာ နလုံးသားမခံနိုင်လောက်အောင်
ချစ်စိတ်တွေပြန်ရိုက်နက်လို့  ဘ၀တစ်ချမ်းပြိုခဲ့ရပြီ။
နားဝင်ချိုခဲ့တဲ့ နင့်စကားသကာတွေက
ခါးတမာကလက်မြောက်ရလောက်အောင်
ပြောင်းလဲကာ ငါ့ကိုမချိမဆံ့ ဖြစ်စေခဲ့ပြီ။
နေမင်းရဲ့ အလင်းရောင်ကို ငါခုံမင်သလောက်
ညရဲ့ အမှောင်ကို ငါပိုကြောက်တတ်လာပြီ။
အတိတ်ကအရိပ်တွေက ဆုပ်တံဖြစ်လို့ 
ရောင်စုံအိမ်မက်တွေက ငါ့ကိုပန်းချီဆွဲနေလေရဲ့ ။
ငါငုံထားတဲ့ ခံစားချက်တွေကို
ထွေးထုတ်လိုက်ရင်
စိမ်းလန်းစိုပြေနေတဲ့သဘာဝအပင်လေးတွေပင်
ခြောက်သွေ့ သွားနိုင်လေရဲ့ ။

0 မှတ်ချက်:
Post a Comment