hover animation preload

ဝေဒနာဘဝ
by စာဂဘ၀င် in

ဝေဒနာဘဝ
...................

ရင်ဘတ်ကြီးက

နာကျင်မူအစုံနဲ့

ရောဂါသည်ကြီးဖြစ်နေရဲ့။

ဝေဒနာအဟောင်းတွေက

မပြောင်းလဲဘဲ

အကောင်းပကတိရှိနေလေတော့

ဟောင်းလာတဲ့ရင်ဘတ်ကြီးထဲမှာ

ဒဏ်ရာတွေကတော့

ဖူးငုံနေဆဲ။

ငါ့ရင်ဘတ်မှာအိပ်မောကျနေတဲ့

ဝေဒနာအမျိုးမျိုးတို့ ရယ်

မင်းတို့ ရဲ့ နိုးထချိန်ကဘယ်တော့လဲ

ဒီမေးခွန်းလေးတွေက

ငါ့ဘ၀ကို ကမ်းဘားတခုကို

တိုက်စားနေသလို တိုက်စားနေလေရဲ့ ။

င့ါဘ၀ကမ်းပါးကုန်ခါမှ

လန့် နိုးကာ ထ ပြေးကြမယ်ထင်ပါရဲ့ ကွယ်။

1 မှတ်ချက်:

တတိုင်းမွှေး said...

လေ့လာသွားပါတယ်။။

Post a Comment