hover animation preload

ဟန်ဆောင်ကောင်းသူ ပန်းစက္ကူ
by စာဂဘ၀င် in

ဥပါယ်တမျှင်  မဆင်ချင်ဘဲ

ရင်ကပြုံးပန်း  ပြိုပျက်နွမ်းအောင်

မင်းကမညာ  လုပ်ရက်ရှာတယ်။

မျှော်ခြင်းပေါင်းစုံ   စုကာပုံကာ

မီးပုံရှို့ သို့    မင်းပြုလို့ ကွယ်

ဒို့ မှာသောက  ပြည့်ပြည့်၀၀

ဘ၀ယိုင်မတတ်  လှုပ်ကိုင်ကြသည်။

နုပ်ခမ်းလွှာမှာ  ပြားသကာလူး

ရင်မှာတမာ   ပျိုးလို့ ပါလား

ဟန်ဆောင်ကောင်းသူ  ပန်းစက္ကူရယ်။






0 မှတ်ချက်:

Post a Comment