hover animation preload

ပဲ့တင်သံလွဲ
by စာဂဘ၀င် in

ပဲ့တင်သံလွဲတဲ့ထိချက်တွေနဲ့ 

ဇီဝိန်တွေက မှော်ဆန်ဆန်

ပျောက်ကွယ်နေ။

ရယ်မောမူတွေက ခပ်တည်တည်ကြီး

ငိုရှိုက်သံတွေကို တေးသံအလား

နားဆင်နေရက်။

ညာတာ၊စာနာမူဆိုတာကြီးက

တခါတရံ နလုံးသားကို မင်းလုပ်အုပ်ချူပ်တဲ့အခါ

ဌင်းတတွေ ပျော်မြူးသွားရတတ်တယ်။

လိုအပ်ချက်တွေက

ပရိယာယ်တခါးကိုဖွင့်လိုက်တဲ့အခါ

ဘေးဆိုးတွေ အဖွဲ့ လိုက် အစုလိုက်

ထွက်လာတတ်လေရဲ့ ။



 

0 မှတ်ချက်:

Post a Comment