ကြားရာစကား အမှန်များဟု
ယူဆထင်မြင် မဆင်ချင်ဘဲ
ယိုးမယ်မှားဖွဲ့  ကန့် ကွက်ခဲ့သူ
ချစ်တဲ့သူက နောင်တရ၍
စိတ္တဇအပူ သူယူလေပြီ။
အမှန်ကိုပင် အမှားထင်တယ်
အမြင်မှားကား ဒို့ တွေကြားဝင်
ချစ်ပင်ကိုချိုး မုန်းပင်ပျိုးပြီ။
အဓွန့် ရှည်ကြာ ချစ်ခဲ့လာသည်
ဘ၀တွက်ရည် ချစ်ကြိုးချည်သည်
ချည်ခဲ့သမျှ ပြတ်ကျခဲ့သည်။
ထင်မြင်နောက်လိုက် နင်မိုက်လိုက်လို့ 
ထိခိုက်မူမှာ ကွဲကွာတစ်သက်
ဖြစ်ရချေပြီ။
0 မှတ်ချက်:
Post a Comment