ညီမဂူးဂူး ချစ်ရူးရူးကာ
လူရွေးအမှား ဖြစ်မသွားနဲ့ 
ငါ့ညီမလေး ဘ၀ ဘေးတွေ
မထွေးရအောင် အသိဆောင်ကာ
သတိနင့်ရှောင်ပါကွယ်။
မွေးကြိုင်ပွင့်ဖူး ချစ်ဂူးဂူးရေ
အရွေးတချက် မှားခြင်းဖက်လျှင်
တသက်တာလုံး ဗျာ ရစ်ထုံးမည်။
နင်တို့ အရွယ် သက်ငယ်ငယ်သည်
စိတ်အလိုလိုက် စိတ်အကြိုက်ဆောင်
ဦးဏှောက်အသိ တကယ်ရှိလည်း
အသိသတိ သိပ်မညှိကြ။
0 မှတ်ချက်:
Post a Comment