hover animation preload

ပဲ့တင်ခါးခါး
by စာဂဘ၀င် in

ပေးခဲ့သမျှ  ပြန်မရဘဲ

ပဲ့တင်ခါးခါး  ၀ါးမြိုရင်းနဲ့ 

ပြင်းပြင်းသောက  ရစ်ပတ်ကြကာ

အိမ်မက်ဆိုးဆိုး  ဆက်တိုးစေပြီ။

ဇာတာဆန်းဆန်း  ပွေ့ ဖက်နမ်းသည်

ပဲ့တင်ထူးထူး  ရင်ထဲကျူးသည်

သောကထွေထွေ  ရင်မှာမွေသည်

ပူမီးဖုံဖုံ  ရင်ကိုငုံသည်

ဒုက္ခသွယ်သွယ်  ရင်ကိုနွယ်အောင်

အချစ်ဆုံးသူ  သူပြုမူသည်။

ရင်မှအချစ်  တကယ်စစ်လည်း

သူကရက်စက်  အမုန်းဖက်တော့

ငါ၏အချစ်  ဘေးသာဖြစ်ပြီ။

 

0 မှတ်ချက်:

Post a Comment