hover animation preload

ဇရာထောင်းလည်း အရောင်မပြောင်းသူ
by စာဂဘ၀င် in

လက်အောက်ငယ်သား  လူအများတွက်

ကိုယ်ကျိုးမဖက်  ရပ်တည်လျှက်ပင်

အမှန်တရား  ၀တ်ဆင်ထားကာ

လူများဆန္ဒ  ပြည့်ဝရရေး

အသက်အန္တရာယ်  အသွယ်သွယ်နင့်

ကြုံဆုံရလည်း  ကြောက်ရွံ့ ခြင်းကင်း

လျှောက်လှမ်းသည့်လမ်း  ပျက်ခြင်းရှင်းအောင်

သူစွမ်းဆောင်သည်။

အားနွဲ့ ပါလျှက်  အားမပျက်ခဲ့

သတ္တိဗျတ္တိ  အတိရှိသည်

ရွှေဂုဏ်ငွေဂုဏ်  မက်ဂုဏ်ဇုန်ထဲ

မျောပါသူမှာ သူမပါဘဲ

လူတို့ အပျော်  သူတွေးမျှော်ကာ

ထိထိရောက်ရောက်  သူလမ်းဖေါက်သည်။

အချိန်တွေပြောင်း  ဇရာထောင်းလည်း

မပြောင်းသည်မှာ  သူ့ စိတ်ပါဘဲ။




0 မှတ်ချက်:

Post a Comment