hover animation preload

အဆိပ်ပင်
by စာဂဘ၀င် in

ရက်စက်မူလေပြင်းတွေနဲ့အတူ

အပြစ်မဲ့တဲ့ဇီဝိန်တွေ

ညှာတံပြုတ်ကျကာ

လိုက်ပါနေရလေရဲ့ကွယ်။

မေတ္တာတရားခေါင်းပါးမူနဲ့အတူ

ဒုက္ခဝေဒနာတွေ

အလေ့ကျပေါက်နေရတယ်။

ဘီလူးကြမ်းဝင်စီးထားတဲ့စိတ်တွေက

သွေးစွန်းတဲ့လက်တွေ

စိုက်ပျိုးနေလေရဲ့ 

အဲဒီ အပင်က အဆိပ်ပန်းတွေ

အဆိပ်သီးတွေ ပွင့်၊သီးနေလေရဲ့ ။


0 မှတ်ချက်:

Post a Comment