ချစ်သည့်စိတ်က ပိတ်မရ၍
ဖိတ်ကျသည်ကို အပြစ်လိုလို
အပိုလိုမျိုး အမြင်ဆိုးနဲ့ 
ဆိုးတဲ့အဖြေ နုပ်မှာတွေကာ
ဝေဒနာတွေ မပေးစေလို။
ရေရေရာရာ သေသေချာချာ
ရစ်ဖွဲ့ နောင်တယ် သံယောဇဉ်ကွယ်
သံယောဇဉ်ကြိုး ရစ်ဖွဲ့ တိုးလျှက်
ရိုးမြေကျထိ အချစ်ရှိမည်။
ကောင်မလေးရေ အချစ်တွေကို
လက်ခံခေါင်းညိတ် စိတ်ချင်းချိပ်ကာ
တသက်အတွက် တွဲလျှောက်စေလို။
0 မှတ်ချက်:
Post a Comment