hover animation preload

လူ့ သဘာဝ တစ်ဒေသ
by စာဂဘ၀င် in

(၁)
ငယ်စဉ်ဘ၀  သက်ငယ်လှချိန်

ဘ၀အကြောင်း  အသိကင်းစင်

ရှင်းလင်းဘ၀င်  ဖြူဖြူစင်စင်

စင်ကြယ်အပြစ်  ရင်ဝယ် သစ်၏၊

ဆယ်ကျော်အသက်  တစ်ဆင့်တက်သော်

တုဖက်ယှဉ်ကာ  လှချင်လာ၍

ဆင်ရာလှလှ  တွေ့ မြင်ရက

မိဘထံပါး  ပူဆာနားသွင်း

ပစ္စည်းလိုရာ  တောင်းကြရှာ၏

စိတ်မှာတောင်းတ  အရာရချိန်

ရွှင်ပြပျော်မြူး  လွန်ကြည်နူး၏

မက်ခြင်းစုံစိတ်  တိတ်တိတ်ဆိတ်ဆိတ်

ခေါင်းညိတ်တည်ငြိမ်  ရှိသေးချိန်တည်း

ရန်ငြိုးမာန်ငြိုး  ရင်ထဲတိုးခြင်း

ကင်းရှင်းသန့် စင်  ရင်ဘ၀င်တည်း

ရောင်းရင်းသဟာ  စုဖွဲ့ ကာပင်

 ပျော်ပျော်ရွှင်ရွှင်  ဆော့ခြင်းမင်သည့်

ဆယ်ကျော်ရွယ်တည်း   

ပြစ်ကင်းဖြူစင်နေတော့သည်။

(၂)

ကွယ်ကျဉ်မရ  ရက်ရယ် လမှ

ဘ၀သက်တမ်း  ကျော်ဖြတ်သန်း၏

သက်ပြည့်ရွယ်ရောက်  ချစ်စိတ်မှောက်လို့ 

ချစ်နောက်လိုက်ရ  သဘာဝမို့ 

ချစ်ကြကြိုက်ကြ  ထူပြောပြရာ

ဒုက္ခအချစ်  ရင်ကိုရစ်သူ

အချစ်သုခ  ကြုံဆုံရသူ

မုချအမှန်  ရှိနေပြန်၏

အမှန်အမှား  ကွဲကွဲပြားပြား

ခွဲခြားအသိ  တကယ်ရှိလည်း

သတိစိတ်ပေါ်  ချစ်စိတ်ကျော်ကာ

ချစ်ပူကွန်ထက်  တိုးမထွက်လျှက်

အပျက်ဘ၀  ဖြစ်တတ်ရ၏

အတ္တရှေ့ တင်  မဆင်ချင်တော့

နောင်လျှင်နောင်တ  သံဝေဂတို့ 

ရ ရမည်မှာ  အသေချာတည်း

ဓမ္မတာတည်း

ချစ်ခြင်းပူငင်နေတော့သည်။

(၃)

   
တွယ်မင်ဓန  မက်ဖွယ်တရွယ်

ခဏတွင်ပင်  ချဉ်းကပ်ဝင်ရောက်

ဆင်ချင်ဥာဏ်များ  ထပ်တိုးများလို့ 

တရားအသိ  တကယ်ရှိလည်း

မိသားစုရေး  မျှော်ကာတွေးလို့ 

အရေးစုံတွက်  ဓနမက်၏

အခက်ခဲတွေ  ကြုံတွေ့ နေလည်း

တွေဝေခြင်းကင်း  ကျော်ဖြေရှင်းကာ

သားသမီးကို  ပြုံးစေလို၏

ထိုထိုသောက  ထူပြောပြလည်း

ချင့်ဆတွေးလျှက်  တရားဖက်ကာ

သေရက်အတွက်  ပြင်ဆင်ချက်များ

မပျက်မကွက်  ပြုမူဆက်သူ

မှန်မှန်ကန်ကန်  ရှိတတ်ပြန်၏

အချိန်တွေပြောင်း  ဇရာထောင်းလည်း

မိုက်ခြင်းကြီးကာ  မိုက်နေတာလည်း

ရှိတတ်ပြန်တည်း 

ဖြစ်ခြင်း စူဝင်နေတော့သည်။







0 မှတ်ချက်:

Post a Comment