ချစ်နေသည့်စိတ် တားဆီးပိတ်ပင်
ထိန်းချုပ်ဖုံးအုပ် ဖျောက်ဖျက်ရန်ရည်
ရည်ရွယ်ချက်ပေါ် ချစ်စိတ်ကျော်၍
ချစ်ခွန်းဖွဲ့ သီ စာပလီအား
စီထုံးပေးပို့  မိုးဆီသို့ ရောက်
တန်ဖိုးထားဖတ် မဖတ်သည်ကို
ဥဿုံလုံးဝ မသိရပါ။
မျက်နာချင်းဆိုင် တွေ့ ဆုံခိုက်ဝယ်
ရင်လာစကား ဖွင့်ပြောငြားလည်း
ခေါင်းညိတ်ခေါင်းခါ မပြုပါဘဲ
ပမာရေသေ ငြိမ်နေ လေတော့
တွေဝေစရာ ပွေထွေရှာပြီး
မတင်မကျ ဒုက္ခသွယ်လို့ 
ဒုက္ခအချစ် ရင်ကို ရစ်ပြီ။
0 မှတ်ချက်:
Post a Comment