ငါ့ဘ၀ကောင်းကင်က
အဖြူရောင်တိမ်တိုက်လေးတွေက
ဆည်းဆာချိန်ကြောင့်
ရောင်စုံပန်းလှလေးတွေနဲ့ ယှဉ်ကာ
လှပခဲ့ဖူးတယ်။
နေရောင်ပျောက် လရောင်ပျောက်တဲ့အချိန်
ကြယ်တာရာလေးတွေကို
ပန်ဆင်ခဲ့ရတဲ့အချိန်တွေလည်း
ရှိတတ်ပြန်လေရဲ့ ။
ငါ့ဘ၀ကောင်းကင်မှာ
တိမ်ဖြူလေးတွေက
မဲမှောင်မှုတွေစိုးမိုးတာ
ခံရတတ်ပြန်တယ်။
0 မှတ်ချက်:
Post a Comment