hover animation preload

မေ့ရေနက်ထဲ သူစွန့် မြဲပြီ
by စာဂဘ၀င် in

သွားပုပ်လေလွင့်  အမှားဆင့်ပွား

စကားများအား  ရင်မှာထားလျှက်
မချင့်မတွေး  မုန်းတွေး တွေးကာ
ရက်စက်ပူမိုး  သူသွန်းဖြိုးသည်။
သူ၏ရင်ဝယ်  အချစ်ကုန်စင်
ခိုဝင်အမုန်း  လမ်းမှန်သုဉ်းခဲ့
အရှုံးလမ်းဖေါက်  သူလျှောက်စေပြီ။
ကြင်ကြာင်နာနာ  ချစ်လာအတိတ်

မေ့ရေနက်ထဲ  သူစွန့်  မြဲပြီ။  

သူကပျော်ပျော်  နေနိုင်သော်လည်း

ငါ၏ဘ၀င်  ပူလုံးဝင်လျှက်

ရှင်နေပါလျှက်  သေခြင်းဖက်သို့ 

ခံစားချက်မှာ  စဉ်ပွင့်အာသည်။

0 မှတ်ချက်:

Post a Comment