ကိလေသာမီး ငါ့ကိုစီး၍
လမ်းမှားဘက်သို့  တွန်းပို့ သည်ကို
စိုးစဉ်းမျှပင် မလိုချင်ပါ။
လောဘမက်စိတ် ရင်မှာဖိတ်၍
တရားလမ်းမှန် မေ့သည့်ရန်ကို
အမှန်အဟုပ် ငါမောင်းထုတ်မည်။
ဒေါသမီးစွယ် တောက်လောင်စဉ်ဝယ်
ခန္တီတရား လွတ်မသွားအောင်
တရားသဘော ငါ့မနောဝယ်
သတိရှိရှိ စဉ်ထားရှိမည်။
မေ့ရ မှားရ လူ့ ဗီဇမို့ 
ရံဖန်ရံခါ မှားတတ်ပါလည်း
မိမိကိုယ်ကို ပဲ့ပြင်လိုသည်။
0 မှတ်ချက်:
Post a Comment