ကောင်မလေးရေ
နင်ကျောပေးထားတဲ့
ငါ့နလုံးသားမှာနင့်ကိုချစ်တဲ့
အချစ်တွေနဲ့ပြည့်လို့နေတယ်
အသိအမှတ်ပြုတဲ့နလုံးသားနဲ့
တစ်ချက်လေးလောက်ကြည့်ပါ
အနုတ်လက္ခဏာကင်းတဲ့
အချစ်တွေကို နင်မြင်ရပါလိမ့်မယ်။
နင်ကျောပေးထားတဲ့
ငါ့နလုံးသားမှာနင့်ကိုချစ်တဲ့
အချစ်တွေနဲ့ပြည့်လို့နေတယ်
အသိအမှတ်ပြုတဲ့နလုံးသားနဲ့
တစ်ချက်လေးလောက်ကြည့်ပါ
အနုတ်လက္ခဏာကင်းတဲ့
အချစ်တွေကို နင်မြင်ရပါလိမ့်မယ်။
ကောင်မလေးရေ
နင့်အမြင်အာရုံရဲ့ကျောဘက်မှာ
ငါမျှော်လင့်ချက်တွေ
နေ့စဉ်နဲ့အမျှ ပျိုးနေခဲ့တယ်
ပျိုးနေခဲ့သမျှ ပြိုလဲကျမှာ
စိုးထိတ်စိုးထိတ်နဲ့ ပေါ့။
ကောင်မလေးရေ
နင့်နှလုံးသားရဲ့ မျက်နာမူရာအရပ်က
ပျော်ရွှင်စရာများကြောင့်
နင့်နှလုံးသားရဲ့ ကျောဘက်မှာ
မျှော်လင့်ချက်ပျိုးသူကိုမေ့နေမှာ
စိုးကြောက်နေမိသေး။
ကောင်မလေးရေ
မာနခြုံထည်နဲ့ မင်းရင်ထဲက
အချစ်တွေကို ကွယ်ဝှက်ခြင်းက
မနီးစပ်မူကို စိုက်ပျိုးနေလေရဲ့ ။
နင့်အမြင်အာရုံရဲ့ကျောဘက်မှာ
ငါမျှော်လင့်ချက်တွေ
နေ့စဉ်နဲ့အမျှ ပျိုးနေခဲ့တယ်
ပျိုးနေခဲ့သမျှ ပြိုလဲကျမှာ
စိုးထိတ်စိုးထိတ်နဲ့ ပေါ့။
ကောင်မလေးရေ
နင့်နှလုံးသားရဲ့ မျက်နာမူရာအရပ်က
ပျော်ရွှင်စရာများကြောင့်
နင့်နှလုံးသားရဲ့ ကျောဘက်မှာ
မျှော်လင့်ချက်ပျိုးသူကိုမေ့နေမှာ
စိုးကြောက်နေမိသေး။
ကောင်မလေးရေ
မာနခြုံထည်နဲ့ မင်းရင်ထဲက
အချစ်တွေကို ကွယ်ဝှက်ခြင်းက
မနီးစပ်မူကို စိုက်ပျိုးနေလေရဲ့ ။
0 မှတ်ချက်:
Post a Comment