မျက်ရည်ဖုံးတဲ့အပြုံးတွေနဲ့ 
ရင်ထဲကဝေဒနာကို
အဖြူရောင်ဆိုးထားကာ
နာကျင်မူကိုခါးခါးသီးသီး
မြိုချနေရတယ်။
မြားဦးလှည့်မလာတော့တဲ့
သူ့ ချစ်စိတ်ကိုမျှော်လင့်ခြင်းနဲ့ အတူ
ငါ့ရဲ့ သန္နိဋ္ဌာန်တစ်ချို့ 
လောင်ကျွမ်းပြာကျခဲ့ရပြီ။
တပါးသူခူးဆွတ်ပန်ဆင်သွားတော့
ပန်းကလေးရဲ့ မမြင်ရတဲ့ဆူးတွေ
ငါ့ရင်ကို လာထိုးစိုက်ခဲ့တယ်။
သူမရှိတော့တဲ့ဥယျာဉ်ကြီးက
ငါ့အတွက် သဲကန္တာရသဖွယ်
ခြောက်သွေ့ လွန်းတယ်။
0 မှတ်ချက်:
Post a Comment