hover animation preload

မိဘ ချစ်စိတ်ယိုဖတ်သံ
by စာဂဘ၀င် in

မိစွ န့်ဘစွန့် ပြည် တိုင်းစွန့်ခွာ

ဝမ်းတစ်ထွာရေး အချိန်ပေးကာ

ဝေးရင်းဝေးခါ နစ်ရှည်ကြာညောင်း

နေကြာသော်လည်း မေ့ခြင်းခိုင်းကာ

စက္ကန့်အမျှ သတိရသည်

သတိရံလျှက် အလုပ် လုပ်ဆက်

စားဝတ်နေရေး ဖဲ့ကာတွေး၍

မိသားစုအား ပျော် ပွားစေလို။

အကုသိုလ်အလုပ် ဖဲကျဉ်ဆုတ်ကာ

စိတ်လိုလိုက်ခြင်း ကင်းကင်းရှောင်သည်။

ဒို့ရဲ့သားငယ် ဒီအရွယ်သည်

ပျက်လွယ်ပျော်မက် နုငယ်သက်တည်း

မပျက်စီးရေး ဆုတောင်းပေးကြောင်း

မိဘချစ်စိတ် ယိုဖိတ်သည်ကို

အစဉ်အမြဲ ကြားရဆဲပင်။

0 မှတ်ချက်:

Post a Comment