မေ့ချစ်ဆုံးမောင် သစ္စာဘောင်ထဲ
ပြင်မထွက်ဘဲ တစ်သက်မြဲတူ
လက်တွဲခိုင်ခိုင် တိမ်းမယိုင်ဘဲ
ချစ်စံအိမ်တွင်း ပွင့်ပွင့်လင်းလင်း
ချစ်ခြင်းဖလှယ် နေကြမယ်ကွယ်
နစ်အနည်းငယ် ကျော်ကာကွယ်တော့
မေ့ရဲ့ စကား မေ့များသွားလား
သူစိမ်းထက်ဆိုး ပြုမှုမျိုးနဲ့ 
သူ့ ထိုးနက်ချက် ခံရခက်ခြင်း
သည်းထက် မီးမိုး ရွားသွန်းဖြိုးသို့ 
ဖြစ်ရလေပြီ
အချစ်ဆုံးလေး သူကျောပေးကာ
ဒီလူအချစ် သူမေ့ပြစ်ပြီ
အသစ်ရင်မှာ သူပျော်ရှာလို့ 
ရင်ဝေဒနာ မိုးလိုရွာပြီ
ကြင်နာသမျှ ပြန်တမ်းတကာ
ပရိဒေ၀ ယူလိုက်ရပြီ
ချစ်ရက်ကြင်ရက် မေ့ရက်မုန်းရက်
သူရက်စက်ပြီ။
0 မှတ်ချက်:
Post a Comment