hover animation preload

အချစ်စည်းဝိုင်း
by စာဂဘ၀င် in

တိမ်လွှာတွေလိုလွင့်မျောနေတဲ့

ငါ့အတွေးတွေ

စီးဆင်းလည်ပတ်နေတဲ့

ငါ့နလုံးသွေးတွေဟာ

နင့်ကိုချစ်တဲ့အချစ်စည်းဝိုင်းထဲမှ

အပြင်ကိုမထွက်နိုင်ကြသေး။

သစ်ရွက်လေးတွေလို

တဖြုတ်ဖြုတ်ကြွေကျခဲံ့ရတဲ့ 

မျှော်လင့်ချက်တွေ

တမြေ့ မြေ့ လောင်ကျွမ်းသွားတဲ့

ဆုံးဖြတ်ချက်အမှန်တွေဟာ

ရစ်ပတ်နေတဲ့သံယောဇဉ်ကြိုးကွင်းလေးကို

မဖြေနိုင်ကြသေး။ 

ငါ့ဘ၀သစ်ပင်လေးမှာ

ခေတ္တခိုနားပြီး ငှက်ကလေးရေ

မင်းထအပျံမှာ 

ဘ၀သစ်ကိုင်းတစ်ကိုင်း မြေခခဲ့ရတယ်။ 

နင်ဟာ ငါ့ဘ၀အတွက်လမင်းကြီး

မဟုပ်ခဲ့ပေမယ့်

စန္ဒာထက်ကို ပိုမိုတန်ဖိုးထားခဲ့တဲ့

ကြယ်တာရာလေးတစ်လုံးပါ

ခုတော့ ငါ့နှလုံးသားမှကျွေကျ

နလုံးလွဲမှာ လင်းလက်နေတော့

လမင်းကြီးအောက်မှာ ငါ့နလုံးသားလေး

အမှောင်ဒဏ်ခံနေရလေရဲ့ ။

 နင့်နလုံးသားမှာ အပျော်ပန်းစုံ

ပွင့်နေတဲ့အချိန်

ငါ့နလုံးသားမှာ သောကမီးပယ်လယ်

စီးတွေနေလေရဲ့ ။

နင့်ကိုချစ်တဲ့အချစ်စည်းဝိုင်းထဲ

ဗျာ အမျိုးမျိုး ထိုးနက်တာ

ငါခံနေရရုံကလွဲပြီး

အပျော်ဆိုတာကြီးက စကားလုံးသာ

ကျန်တော့တယ် မေ့သူရယ်။ 

 

   

0 မှတ်ချက်:

Post a Comment