ချိန်ရှိသမျှ သတိရလို့
တမ်းတစိတ်များ ရင်ခွင်အားဖုံး
ခြားနားဝေးကွာ ဖြစ်ကြုံပါလည်း
ရင်မှာအမြဲ နင်ရှိဆဲပါ
တခါတရံ နင့်အသံကြောင့်
တမ်းတစိတ်များ ရင်ခွင်အားဖုံး
ခြားနားဝေးကွာ ဖြစ်ကြုံပါလည်း
ရင်မှာအမြဲ နင်ရှိဆဲပါ
တခါတရံ နင့်အသံကြောင့်
ဟိုတုန်းတစ်ချိန် အပျော်ရှိန်များ
စိတ်ကူးတွေးမှောက် ပြေးလို့ ရောက်လာ
ဝမ်းနည်းပူဆွေး ခေတ္တပြေး၍
ပီတိတွင်တွင် ရင်ထဲဝင်မိ
အတိတ်ပုံရိပ် တွေးထဲသိပ်ဝင်
ကျောခိုင်းသမျှ ပြန်မြင်ရဘိ
ခံစားရတယ်ချစ်သူရယ်
တွေ့လိုမြင်စိတ် ရင်မှာဖိတ်လို့
ဝေးဒဏ်ဆွေးဒဏ် ရင်တွင်းဆန်ပြီ
အချိန်တန်ရင် ဇာတိရင်ကို
အရောက်ပြန်ခဲ့မယ် ချစ်သူရယ်။
ကျောခိုင်းသမျှ ပြန်မြင်ရဘိ
ခံစားရတယ်ချစ်သူရယ်
တွေ့လိုမြင်စိတ် ရင်မှာဖိတ်လို့
ဝေးဒဏ်ဆွေးဒဏ် ရင်တွင်းဆန်ပြီ
အချိန်တန်ရင် ဇာတိရင်ကို
အရောက်ပြန်ခဲ့မယ် ချစ်သူရယ်။
0 မှတ်ချက်:
Post a Comment