လွမ်းရင်းဆွေးရင်း တွေးခင်းငေးရင်း
ပမ်းခြင်းနွမ်းခြင်း သက်မင်ခမ်းလာ
မက်ရင်းမင်ရင်း သက်ငယ်ခြင်းက
လှမ်းအတိတ်မှ နုတ်ဆက်ပြပြီ။
ဘယ်လိုဘယ်ပုံ အရည်ခြုံခြုံ
သဘောအနိစ္စ သဘာဝမို့ 
ရှောင်ကွင်းမရ ကြုံဆုံရမည်။
ရှင်သန်နေခိုက် ကောင်းခြင်းစိုက်က
သေပါသော်လည်း နောက်လိုက်ချဉ်းကပ်
အကျိုးပေးသီး အစဉ်သီးမည်။
အကုသုလ်ကံ မိမိထံပါး
မွေးစားထားက မလှပတဲ့
အဆုံးသတ်က ရှောင်လွှဲမရ
ကြုံရမည်သာ။
0 မှတ်ချက်:
Post a Comment