hover animation preload

ဝိရောဓိ
by စာဂဘ၀င် in

ညီညွတ်မူမရှိတဲ့ အခြေအနေတွေကို

လက်ညိုးတထိုးထိုးနဲ့ 

ရေတွက်နေရင်း ငါခလုတ်တိုက်မိနေရဲ့ ။
နေထွက်ခြင်းနဲ့ နေ၀င်ခြင်းကြားမှာ
ငါ့ဘ၀က တဖြည်းဖြည်း အမြစ်ဆွေးလို့ နေ။
ငါ့ရင်ဘတ်ကြီးမှာ အမိုးအကာမဲ့
အပူဒဏ်တွေ သက်ဆင်းလို့ ပေါ့။
အသားမစားတဲ့ကျားတွေ
မြေပြင်ကြီးကိုသွေးရောင်တွေဆိုး
ဒီလို ဆန္ဒနဲ့ ဝိရောဓိအဖြစ်မျိုးတွေက
ကွက်ကျားရွာနေတော့
ရင်နာစရာအဖြစ်အပျက်တွေကို
ကံ ဆိုတဲ့စကားလုံးကြီးနဲ့ ပဲ
ဖြေသိမ့်နေရပြန်တယ်။
အလင်းရောင်တွေက
အမှောင်ကန့် လန့် ကာကို
ဆွဲဆန့် လိုက်တော့
ပုံရိပ်တော်တော်များများက
တောက်လောင်လင်းလက်လာကာ
ရင်သို့ အပူတွေနဲ့  သက်ဆင်းဆိုက်ရောက်လို့ 
လောင်ကျွမ်းစေတယ်
တမြေ့ မြေ့ နဲ့ ပေါ့။
 
 

0 မှတ်ချက်:

Post a Comment