hover animation preload

နင်ပေးလိုက်တဲံ့မျုးစေ့များ
by စာဂဘ၀င် in

ကဗျာပျိုးခင်းမှာနင်ပေးလိုက်တဲ့

အလွမ်းမျိုးစေ့တွေ ငါပျိုးနေရပြီ

ကောင်မလေးရေ။

တချိန်ကပျိုးခဲ့တဲ့အချစ်တွေ

ခြောက်သွေ့ပြုန်းလို့

ပျောက်ကွယ်ခဲ့ရပြီ ။

အရှုံးတရားကငါ့ကိုရွေးချယ်

သောကနယ်ကိုလျှောက်နေရတာ

မဆုံးနိုင်တော့ပြီ ကောင်မလေးရယ်။

အသဲကွဲမျိုးစေ့တွေသာပျိုးနေတော့

ကဗျာပျိုးခင်းကတောင် ငါ့ကို

လောင်ပြောင်နေရဲ့။

အတိတ်နဲ့ပစ္စုပ္ပန်ရဲ့ ကွာဟမှုကို

တိုင်းတာပြီး ငါဒေါသထွတ်နေမိတယ်

ဘမျှမတတ်နိုင်

0 မှတ်ချက်:

Post a Comment