အိုကွယ့်မီးလေး လှလှလေး ဘာဆေးစားလဲကွယ်
တစ်နေ့ တခြား လှတိုးပွား ဆန်းပြားနေတယ်မေ။
ပင်ကိုယ်လှလား ဆင်မြန်းလား ခွဲခြားခက်ပြီမေ
ရှု့ ကြည့်မ၀ လလိုလ ရင်ကဖွင့်ကာပြ။
သီရိပြည့်စုံ ရနံ့ ထုံ လှပုံထူးတယ်ယုံ
အပြုံးချိုချို မူမပို ယဉ်ဆိုယဉ်ထက်ပို
ချစ်ခင်ကြသူ ပေါလို့ ထူ ရန်သူမရှိသူ။
လှယာစကာ ငါသည်သာ ချစ်လာခဲ့မည်ဆို
ကိုယ့်ရင်ဘတ်မှာ ဝေဒနာ ပျိုးရှာမိသလို
အပူမိုးအောက် ငါတစ်ယောက် ဆိုက်ရောက်သွားမှာစိုး။
အညမည မရှိက ခံရတာကပို
အဝေးကသာ ကြည့်နေကာ မေတ္တာထားမယ်ပျို။
တစ်နေ့ တခြား လှတိုးပွား ဆန်းပြားနေတယ်မေ။
ပင်ကိုယ်လှလား ဆင်မြန်းလား ခွဲခြားခက်ပြီမေ
ရှု့ ကြည့်မ၀ လလိုလ ရင်ကဖွင့်ကာပြ။
သီရိပြည့်စုံ ရနံ့ ထုံ လှပုံထူးတယ်ယုံ
အပြုံးချိုချို မူမပို ယဉ်ဆိုယဉ်ထက်ပို
ချစ်ခင်ကြသူ ပေါလို့ ထူ ရန်သူမရှိသူ။
လှယာစကာ ငါသည်သာ ချစ်လာခဲ့မည်ဆို
ကိုယ့်ရင်ဘတ်မှာ ဝေဒနာ ပျိုးရှာမိသလို
အပူမိုးအောက် ငါတစ်ယောက် ဆိုက်ရောက်သွားမှာစိုး။
အညမည မရှိက ခံရတာကပို
အဝေးကသာ ကြည့်နေကာ မေတ္တာထားမယ်ပျို။
0 မှတ်ချက်:
Post a Comment