၊၊၊၊ ၊၊၊၊၊၊ ၊၊၊၊၊
ဓနဉယျာဉ်မှာ
ဖူးပွင့်လာတဲ့ပန်း
ငါ့ရဲ့ယာစကာလက်တစ်စုံနဲ့
ခူးဆွတ်ဖို့ရည်အကြိမ်ကြိမ်ရည်
အကြိမ်ကြိမ်ရည်သမျှ
မျက်ရည်ကျ အသဲကျေမွ
ငါ့ဘဝစာအုပ်တစ်အုပ်လုံး
မီးလောင်တိုက်အသွင်းခံရသလို
နာကျင်ခဲ့ရပြီ သူရယ်။
လှဲတော့မယ့်ငါမျှော်လင့်ချက်တွေ
နင့်ရဲ့အကြည့်လှလှ အပြုံးပြုံးလှလှ
လေးတွေက ပြန်တွန်းထူပေးခဲ့
ခုတော့ ဒီရင်တည့်တည့်ကို
ဝေဒနာအပူတွေဘယ်အချိန်ထိ
သွန်းဖြိုးနေတော့မှာလဲ သူရယ်။
ဒီဘူတာမှာပဲအဆုံးသတ်ကြရမယ်
ဆိုပေမယ့်လည်း
လက်လွှဲလက်တွဲသွားတဲ့နင့်ကို
ငါအပြစ်မဆိုသာ
အချစ်ဆိုတာ ဒီလိုပဲလားကွယ်။
0 မှတ်ချက်:
Post a Comment