၊။၊။။။။။။။
ဒီသစ်ပင်ကြီးပေါ်
ငှက်ပေါင်းများစွာ
နားခိုခဲ့ဖူးတယ်
ခုတော့ ရာသီအပြောင်းအလဲကြောင့်
အရွက်တွေခြောက်
အကိုင်းတွေကျိုးတော့
ကျောပေးထပြန်ကြကုန်တယ်
ထပြန်သွားတဲ့ငှက်ကလေးတို့ရေ
ပြောင်းလဲမူဆိုတာကြီးကို
ပုံစံခွက်ထဲထည့်ပြီး
မကြည့်ကြပါနဲ့လားကွယ်။
ရေသောက်မြစ်ကောင်းတဲ့ဒီအပင်
ပြောင်းလဲခြင်းပြင်းပြင်းတွေရဲ့
အဝါးမြိုခံနေရချိန်
ငှက်ကလေးတို့ရေ
ဉပေက္ခာထဲ ကိုယ့်ကိုယ်ကို
မပစ်သွင်းလိုက်ကြပါနဲ့ဉီးကွယ်
ကျေးဇူးသိတတ်ခြင်းပန်းက
ချစ်ခြင်းရနံ့တွေသင်းပျံ့စေတယ်။
0 မှတ်ချက်:
Post a Comment