hover animation preload

သမိုင်းဆိုးရေးထိုးသူများ
by စာဂဘ၀င် in


၊၊၊၊ ၊၊၊၊ ။၊၊၊၊၊ ၊၊၊၊၊၊၊၊
အဆိပ်မိထားတဲ့ပန်းလို
မျိုးစေ့မှန်ပေမယ့်လည်း
ပင်မသန်ခဲ့တဲ့အခြေမျိုးက
လူတစ်စုရဲ့စိတ်ကို
ဝါးမြိုထားလေရဲ့။

တစ်တောတည်းမှာ
ရှင်သန်ကြီးထွားလာပေမယ့်
ဆိုင်းဘုတ်အမျိုးမျိုးတပ်ကာ
သစ်ရိုင်းပင်လို ခုတ်ထစ်
ချေမှုန်းနေရဲ့။

တစ်စတစ်စနဲ့
မလှပမှုတွေက
လောကကြီးရဲ့နေရာအနှံ့
လှပတဲ့စကားလုံးတွေနဲ့
ညစ်ထေးမှုတွေ ရေးခြစ်လို့နေ။

အကိစ္စကလောင်နဲ့
သမိုင်းဆိုးရေးထိုးနေတဲ့
လူ့ပေါက်ပန်းတွေက
လှပလာမည့်အနာဂါတ်ကို
အတိတ်ကအခြေနေမျိုး
ဖန်တီးနေတာလားကွယ်။

0 မှတ်ချက်:

Post a Comment