hover animation preload

ထင် တစ်လုံးနောက်လိုက်မိသူ
by စာဂဘ၀င် in


၊၊၊။။။ ။။။။။။။။။
မျှော်လင့်ချက်တွေနဲ့
ငါခင်းထားတဲ့လမ်းက
ကျောက်စိုင်ကျောက်ခဲတွေကို
အမှီပြုထားခဲ့တယ်။

ငါအမှီပြုထားတဲ့
ကျောက်စိုင်တွေ
တစ်နေ့တခြားထူးထူးခြားခြား
ပြိုကျလျှက်ရှိနေမယ်လို့
ငါမထင်ထားခဲ့ပါဘူး
ငါဟာ တကယ်တော့
ထင် တစ်လုံးနောက်လိုက်
အချိန်တွေကို
ကြက်ခြေခတ်နေသူပါ။

မရေရာတဲ့လမ်းက
ငါ့ခြေရာတွေဟာ
အချိန်နဲ့သွန်းလောင်းထားပေမယ့်
လေတဝှေ့မှာ
ပြန်မတွေ့ရတော့ပြီ

0 မှတ်ချက်:

Post a Comment