hover animation preload

ကျားဆွဲမှာစိုး
by စာဂဘ၀င် in

တစ်နေရာတည်းကနေ
ဆူထွက်လာပေမယ့်
အရောင်အမျိုးမျိုးနဲ့
တစ်လမ်းစီ စီးတွေသွားကြတယ်
ဒါဆန်းသလိုလိုနဲ့အဆန်းတော့မဟုပ်

ခွဲခြားမှုကြောင့်
ကွဲပြားနေကြချိန်
ကြားမှာကျားတွေ
ဝင်ဆွဲသွားမှာစိုးမိပါရဲ့။

သွေးဆာအုပ်စု
အခြေပြုနေတာကို
ပန်းတစ်ခင်းပျိုးထားသလို
ခံစားနေတာများလား ကွယ်။

0 မှတ်ချက်:

Post a Comment