hover animation preload

အမေ့ရင်ခွင်
by စာဂဘ၀င် in

အတောင်မစုံခင်
ဒီရင်ခွင်က အလုံခြုံဆုံးပေါ့။
အတောင်စုံပျံသန်းနိုင်တော့
အမြင့်ကိုပျံကာ
ဒီရင်ခွင်ကိုမေ့နေမိရဲ့။

မုန်တိုင်းထန်ထန်
ရင်ကိုဝင်ကန်မျှ
ဒီရင်အအေး ပြန်တွေးနေမိတယ်။

ရနံ့မသင်းပေမယ့်
ဒီရင်ခွင်က
ဒီဘဝင်မှာ ပန်းရနံ့တွေထက်
မွေးလွန်းလှပါတယ် အမေ။

0 မှတ်ချက်:

Post a Comment