hover animation preload

အတိတ်အိုကအချစ် ပြန်ပျို
by စာဂဘ၀င် in


၊၊၊၊၊၊၊၊၊ ၊၊၊၊၊၊၊ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
နစ်ကာလတွေအနောက်မှာ
တန်းစီပြီးကျန်ခဲ့ပေမယ့်
ရင်ထဲကပုံရိပ်လေးတစ်ရိပ်က
သက်ဝင်သစ်လွင်နေဆဲ
ငြိမ်သက်လုလု အချစ်တွေကို
ပြန်လည်လှုပ်ခါစေ
ပျောက်ကွယ်နိုးနိုး ရင်ခုန်သံကို
ပြန်ထင်ဟစေပြီ
စာမျက်နာအဟောင်းလေးက
ထုဆစ်ထားတဲ့ရင်တွင်းအဖြစ်လေးတွေ
အသစ်လေးတွေထပ်မံဖြစ်ကာ
ငါ့ရင်ဘတ်ထဲပြေးဝင်လာလို့
အချစ်တွေထပ်ဆင့်ပျိုးပြန်ပြီ
ကောင်မလေးရယ်။

မုန်တိုင်းတချို့ကြောင့်
အချစ်တွေဆုပ်ကိုင်ထားတဲ့နှလုံးသား
မဖြေချချင်ဘဲဖြေခဲ့ရတဲ့
ဒီနှလုံးသားကဒဏ်ရာတွေနဲ့
ရင်းနီးနေခဲ့တယ်
ဝေဒနာတွေနဲ့မိတ်မဖွဲ့ချင်ဘဲ
ဖွဲ့နေရတဲ့ အချိန်တွေက
အတိတ်အိုကြီးဖြစ်လို့နေပြီ
ကောင်းမလေးရယ်။

0 မှတ်ချက်:

Post a Comment