hover animation preload

တိမ်ဖုံးသွားမှာစိုး
by စာဂဘ၀င် in



ပုံစံခွက်ထဲအဝင်ခံနေတဲ့
ဖယောင်းပမာတို့ရေ
တိမ်ထုတွေခွင်းပြီး
ထွက်လင်းလာတဲ့လမင်းကို
တိမ်မဲတွေထဲပြန်တွန်းပို့နေတာများလားကွယ်။

ကျားကွက်ရွေ့နေတဲ့သူတွေက
ထိုးကျွေးနေတာ အနင်္ဂဏလူတွေပါ
တစ်ကွက်အမှားဟာ
အတိတ်ကအဖြစ်မျိုးကို
ဖန်တီးနိုင်စွမ်းတယ် ။

လမ်းကြောင်းရှင်းမယောင်နဲ့
ဆူးညှောက်တွေက
မှော်ဆန်ဆန် ထွက်ပေါ်
ပိတ်ဆို့နေဆဲ။

0 မှတ်ချက်:

Post a Comment