hover animation preload

မာနမာန်ချိုးခံတီပျိုး
by စာဂဘ၀င် in


လောကကြီးမှာ မွေးဖွားလာတာ
ပျော်ရာနောက်လိုက် ဂုဏ်နောက်လိုက်ဖို့
ဧကန်မုချ မဟုပ်ရပါ
ခေတ္တခဏ ရှင်သန်ရခိုက်
ပရရှေ့တင် အတ္တကျဉ်လျှက်
မာနမာန်ချိုး ခံတီပျိုးကာ
စိတ်ဆင်းဖြူဖြူ ဖန်တီးယူလို့
သက်တမ်းနိဂုံး ကုန်ဆုံးလိုဧ။် ။


ဘဝတိုတို မုန်းပိုပိုနဲ့
ရန်လိုမုန်းတီး အမုန်းမီးမွှေး
ဟိုဘက်သည်ဘက် လောင်ကျွမ်းဖက်စေ
ပြုလျှက်နေလည်း သေခြင်းဘေးမျှ
ပြေး၍မရ ဆုံတွေ့ရဧ။်
စိတ်ကိုဉာဏ်ဖြင့် ထိန်းချင့်ဆင်ကာ
ရှောင်သင့်ဆောင်သင့် ရွေးချယ်ကျင့်လို့
ဇီဝိန်ဆုံးသတ် ဖြစ်သင့်အပ်သည်။

0 မှတ်ချက်:

Post a Comment