hover animation preload

လမ်းဟောင်းပါပဲ
by စာဂဘ၀င် in


စီမံကိန်းချပြီးဖွင့်ပေးလိုက်တဲ့လမ်းမှာ
မေတ္တာပန်းတွေကိုမြေဩဇာပြုလို့
သွေးနံ့တွေထပ်နေအောင်
ဆူးတွေပျိုးနေလေရဲ့။
ရမက်ဖုံးနှလုံးသားမှာ
ဆင်ချင်တုံတရားထွက်မလာ
မုန်တိုင်းတွေသာ မှုတ်ထုတ်နေလို့
အဖြူရောင်လေးတွေမုန်တိုင်းထဲ
လွင့်ပါပျက်စီးနေတယ်။

စိတ်ဓါတ်အဟောင်းအညစ်တွေကို
ဝတ်စုံအကောင်းအသစ်တွေနဲ့
ကွယ်ဝှက်ထားလို့
လမ်းကောင်းကိုပြောင်းလျှောက်မလိုလိုနဲ့
လမ်းဟောင်းအတိုင်းသာ
ဆက်လျှောက်နေဆဲ။

0 မှတ်ချက်:

Post a Comment