hover animation preload

ချစ်ပွင့်
by စာဂဘ၀င် in

ရင်ကချစ်ပွင့် ချိန်ကြာမြင့်လည်း

မညိုးမနွမ်း အစဉ်လန်းလို့

တစ်ယောက်ဖို့သာ ပွင့်ဝေဆာသည်။

သူကပန်ပန် မပန်ပန်ပေါ့

သူ့ဖို့သာလျှင် ပွင့်ခဲ့ရင်မှာ

အသေချာတည်း။

သူကငြင်းပယ်  ရက်စက်မယ်ဆို

ရင်ကချစ်ပွင့်   ပွင့်ခွင့်အတိ

အစဉ်ရှိသည်။

သူပန်မည့်နေ့   မျှော်ကာလင့်လို့ 

စိတ်ရှည်ရှည်နဲ့   စောင့်မျှော်နေမည်

ငါကချစ်သူ  မိရင်မြူ ရယ်။

0 မှတ်ချက်:

Post a Comment