hover animation preload

မျက်ရည်ပျိုးတဲ့ပန်း
by စာဂဘ၀င် in

မျက်ရည်ပျိုးတဲ့ပန်း
။။။။။။။။။။။။။။။။။။။
ရင်နာစရာတွေကိုအပြုံးတွေနဲ့ကွယ်ပြီး
ပြတ်ပြတ်သားသားကျောပေးခဲ့ပေမယ့်
ငါ့နှလုံးသားနှင့် ငါ့နှုတ်ခမ်းနှစ်ခုကြားက
အချစ်စစ်တွေမှာ ကျောဆိုတာ မရှိခဲ့ဘူး ။
ကျောပေးပြီးလျှောက်သွားခဲ့တဲ့
ခြေလှမ်းတိုင်းကို ကြေကွဲမှုတွေနဲ့
ဝိသေသန လုပ်ထားတယ်ဆိုတာ
မင်းသိမှာမဟုပ်ခဲ့ဘူး ချစ်သူ။

ငါ့ဘဝမြေရိုင်းက မင်းရဲ့အချစ်ကိုဆွဲနုပ်ပြီး
မြေခံရေခံကောင်းတဲ့နေရာမှာ
ငါစိုက်ထူပေးနိုင်ခဲ့လို့ 
ဝေဒနာတွေကြားကနေ ပီတိတွေနဲ့
ငါကြည့်ခွင့်မြင်ခွင့်ရတာ ငါကျေနပ်ပါတယ် ချစ်သူ။

ငါ့ရဲ့မျက်ရည်စက်ကလေးတွေက
နင့်ဘဝတစ်လျှောက်မှာ
အပြုံးပန်းများစွာ ဖူးပွင့်စေခဲ့တဲ့အတွက်
ဒီမျက်ရည်စက်တွေက ဝေဒနာတွေကို
ကိုယ်စားပြုထားပေမယ့် တန်ဘိုးရှိလွန်းလှပါတယ် ချစ်သူ။

0 မှတ်ချက်:

Post a Comment