ဝေပြီး ကြွေမည်
။။။။။။။။။။။။။။။။။။
တူတူပွင့်လာခဲ့ပေမယ့်
ရနံ့တမျိုးစီနဲ့ပါ သူငယ်ချင်း
အဆိပ်နံကိုငုံပြီး အခြောက်အသွေ့ခံသွားတဲ့
ပန်းတွေကို အရမ်းလေးစားသင့်တယ် သူငယ်ချင်း။
တာထွက်တာခြင်းတူပေမယ့်
ကျောချင်းကပ်ပြီး ထွက်ခဲ့တာပါ
ပန်းတိုင်က တစ်ယောက်တစ်ခုစီပေါ့
ဒါပေမယ့် ဝေပြီးကြွေရမယ်နော်
ဇီဝိန်ညှာတန်လေးကို စက္ကန့်လေးတွေနဲ့
ထိန်းချူပ်ထားတယ်နော် သူငယ်ချင်း
စက္ကန့်ပေါင်းဘယ်လောက်ပိုင်ဆိုင်ထားလဲမသိတော့
စက္ကန့်ကလေးတွေကို
ဘယ်လိုအရောင်တင်ပေးပြီး
ကုန်ဆုံးစေမှာလဲ သူငယ်ချင်း။
စမ်းချောင်းတခုတည်းကနေ
ဒို့တွေစီးတွေလာခဲ့ကြတယ်
တစ်ယောက်တစ်လမ်းစီစီးတွေနေ
ရည်မှန်းချက်တွေမေ့ပြီး
ခြောက်သွေ့မှုတွေကို မျက်နာလွဲထားရော့တော့မှာလား။
0 မှတ်ချက်:
Post a Comment