သေချာမှာလား
။။။။။။။။။။။။
ရင်နာစရာအဖြစ်အပျက်တွေနဲ့
ငါ့ရင်ဘတ်ကြီးကို အံကြိတ် ဆွဲပိတ်ထားခဲ့တယ်
ငါကြုံဆုံခဲ့တဲ့အချစ်တွေက
ငါ့နှလုံးသားကိုလောင်စာအဖြစ်သာဖန်တီးပြီး
ငါ့ဘဝကို အပူတိုက် သွင်းခဲ့တော့
ချစ်စိတ်က ငါ့အတွက်ကျားရဲတစ်ကောင်ပမာ
ဖြစ်နေလေရဲ့။
ခုတော့ ငါရင်ဘတ်ကိုဆွဲဖွင့်
ချစ်စိတ်တွေကိုဆွဲထူ
အပူတွေပူးနေတဲ့ငါ့ဘဝပေါ်
နှင်းတွေတဖွဲဖွဲဖြန့်ကျဲပေးနေ တဲ့
ကောင်မလေးရယ် မင်းကငါ့ဘဝတခုလုံးကို
မွှေးရနံ့ပေးဖို့ ဖူးပွင့်လာတဲ့ ပန်းဆန်းတစ်ပွင့်များလား။
0 မှတ်ချက်:
Post a Comment