hover animation preload

မက်စိတ်ဆိုးကျိုး
by စာဂဘ၀င် in

မက်စိတ်ဆိုးကျိုး
၊၊၊၊ ၊၊၊၊၊ ၊၊၊၊၊ ၊၊၊၊၊၊၊၊၊၊
ကျွေနေတဲ့ပန်းကလေးတွေကို
ကောက်ယူပန်ဆင်လိုခဲ့တဲ့စိတ်
အမြင့်ပန်းတစ်ပွင့်ရဲ့အလှရနံ့တွေရဲ့
ညို့ယူဖမ်းစားမှုမှာ
မျှော်လင့်ချက်ပေါင်းစွာနဲ့
ရုန်းမထွက်နိုင်တော့ဘဲ
ငါငြိတွယ်ခဲ့လေရဲ့၊

ငါမှန်းရည်ထားတဲ့အမြင့်ပန်းလေးက
ကံကောင်းခြင်းများစွာ ရံပြီး
ပကာသနဘဝထဲကို
ကျွေကျသွားခဲ့တယ်

အညွန့်ကျိုးသွားတဲ့မျှော်လင့်ချက်တွေက
ခြောက်သွေ့ပျက်စီး
အေးချမ်းမှုကိုတံခါးဖွင့်မပေးတဲ့
ရင်ဘတ်ထဲကအပူတွေနဲ့ဘဲ
အချိန်တွေထဲငါမျောပါနေရတယ်

နောက်ဆုံးတော့လည်း အသိဉာဏ်တံခါးကို
ဆွဲပိတ်သွားတဲ့ မက်မောမှုဆိုတာကြီးကို
စိတ်နာမိရုံကလွဲပြီး ငါဘာမျှမတတ်နိုင်ခဲ့။

0 မှတ်ချက်:

Post a Comment