hover animation preload

ငါ့ဘဝနှင့်ဆန္ဒ
by စာဂဘ၀င် in

ငါ့ဘဝနှင့်ဆန္ဒ
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
လွတ်ချသင့်တာတစ်ခုကို
ဆုပ်ကိုင်ထားမိတဲ့အခိုက်အတန့်တွေမှာ
ဘဝကမ်းပါးတချို့ပြိုကျသွားတယ်
သင်္ခန်းစာတချို့တော့ရလိုက်ပါရဲ့။

ကိုယ့်အမြှစ်ကို ရေလောင်းပေါင်းသင်ပြီး
ကြီးထွားလာဖို့အကြိမ်ကြိမ်ကျိုးစားဖူးပါတယ်
ကံတရားရဲ့သတ်မှတ်နုန်းကိုအံမတုနိုင်ဘဲ
အကြိမ်ကြိမ်ပြန်ညိုးနွမ်းရင်း
သံသယာလည်နေတုန်းပဲကွယ်။

လောကယာခင်းမှာ
မသီးမပွင့်ဘဲနဲ့ညိုးခြောက်ပျက်သုဉ်းသွားမှာ
အရိတ်သိမ်းခံလိုက်ရမှာမျိုးကိုတော့
တကယ်မလိုလားတာတကယ်ပါ
ဘယ်လိုကံတရားက
ဘယ်လိုရွေးချယ်သွားမယ်ဆိုတာ
ဘယ်လိုမျက်လုံးတွေနဲ့ ဘယ်လိုကြည့်ကြမှာလဲ။

0 မှတ်ချက်:

Post a Comment