hover animation preload

သေရေးအတွေး ဉီးစားပေး
by စာဂဘ၀င် in

သေရေးအတွေး ဉီးစားပေး
၊၊၊၊၊ ၊၊၊၊၊၊။၊၊၊၊၊ ၊၊၊။။။၊။။
လောကီကိစ္စ  အဝဝ၌

စိတ်ရောကိုယ်ပါ  နစ်နေလာတာ

သက်တမ်းထက်ဝက်  ကုန်ရစ်ခဲ့ပြီ

စီးဇိမ်နောက်လိုက်  ပျော်နောက်လိုက်ရင်း

သေရေးများစွာ  မေ့လို့လာကာ

သက်တမ်းယာယီ  ကုန်ခြင်းစီပြီ

သောကထွေထွေ  ရောရင်းမွေရင်း

တရားစိတ်တွေ  ပျောက်ကွယ်နေ၍

ဘဝလမ်းပေါ်  ဖြတ်ကျော်နေဧ။်

ဘယ်အချိန်လောက်  သက်မြေ့ခြောက်၍

ပျိုလှဲဆုံးသတ်  ဖြစ်သွားတတ်ခြင်း

သိရန်အလင်း  မရှိခြင်းကြောင့်

တွေးဆင်ချင့်ကာ  နေသွားပါမှု

စိတ်အေးစရာ  ဖြစ်လာပေမည်။

0 မှတ်ချက်:

Post a Comment