hover animation preload

အမေ့ကျေးဇူး
by စာဂဘ၀င် in

အမေ့ကျေးဇူး
၊၊၊။။။။။။။။။။။။။
သူပျိုးသည့်ပန်း  မညိုးနွမ်းအောင်

သက်ရင်း ရင်ရင်း  ကျိုးပမ်းခြင်းနဲ့

ပန်းတွေအလယ်  တင့်တယ်စေတယ်

သူ့ပန်းရနံ့  ပျံ့ထက်ပျံ့အောင်

စွမ်းဆောင်အစဉ်  သူပေါင်းသင်ဧ။်

ရနံ့ကောင်းကောင်း  မကောင်းကောင်းလည်း

သူပျိုးပန်းကို  ချစ်စိတ်ပိုလျှက်

သူ့ချစ်စိတ်ကား  လျော့မသွားပါ

သူဧ။်မေတ္တာ  စေတနာကား

မပြတ်မဆဲ  စီးတွေမြဲသည်။

သူဧ။်မေတ္တာ  သူ့စေတနာက

တန်ပြန်ကျိုးပေး  ရရှိရေးကို

အလေးမမှု   စိတ်စင်ဖြူဧ။်

သူပြုသောကံ  ပဲ့တင်သံကား

သူ့ထံအမှန်  တန်ပြန်မည်သာ။

0 မှတ်ချက်:

Post a Comment